EDNA

OUR PROJECTS
ANNOUNCEMENT AND NEWS

ကချင်ပြည်နယ်ရှိ နေရပ်ရှောင်ပြည်သူများအား လူသားအကျိုးပြု ထောက်ပံ့ပေးခြင်း စီမံကိန်း

ကချင်ပြည်နယ်ရှိ နေရပ်ရှောင်ပြည်သူများအား လူသားအကျိုးပြုထောက်ပံ့ပေးခြင်း စီမံကိန်းအား 2019ခုနှစ်တွင် မြန်မာ ကြက်ခြေနီ အသင်းနှင့် အာရှစွန့်ဦးတီထွင် စီးပွားရေး စွမ်းဆောင်ရည် ဖွံဖြိုးမှု ကွန်ရက် (မြန်မာ) မှ စီမံကိန်းအား အောင်မြင်စွာ ပူပေါင်းဆောင် ရွက်နိုင်ခဲ့ပါသည်။

ဤစီမံကိန်းအား ဒိန်းမတ်ကြက်ခြေနီအသင်းမှ ပံ့ပိုး၍ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။ ဤစီမံကိန်းအား ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းမြို့နယ် များတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ စီမံကိန်း ၇လတာ ကာလ အတွင်း တွင် စီမံကိန်းရဲ့ အကျိုးရလဒ်အနေဖြင့် နေရပ်ရှောင် စီးပွားရေး သင်တန်းသား ၃၆၀ အားစီးပွားရေး လုပ်ငန်း ၃၁၅ ခုအထိ ထူထောင်လာနိုင်ခဲ့ပါသည်။

နေရပ်ရှောင် စီးပွားရေးသင်တန်းသားများ ထူထောင်ကြသော အသေးစားစီးပွားရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန် အတွက်ကူညီထောက်ပံ့ပေးကြသော ဝန်ကြီးဌာနများ၊ လုပ်ငန်းဖွံ့ဖြိုးမှု့မြှင့်တင်ရေးအခမ်းအနား အစီအစဉ်များတွင် ပါဝင်ကြသော EDNA Myanmar ၏မိတ်ဖက် စီးပွားရေး လုပ်ငန်းရှင် များအားစီမံကိန်းမှ ကျေးဇူးတင်ရှိပါသည်။ စီးပွားရေးလုပ်ငန်းရှင် သင်တန်းသားများအား ကူညီထောက်ပံ့ပေးကြသော မြန်မာကြက်ခြေနီအသင်း EDNA Myanmar ၏ ဝန်ထမ်းများအား ဤစီမံကိန်းမှ ကျေးဇူးအထူးတင်ကြောင်း မှတ်တမ်း တင်အပ်ပါသည်။

For more information please contact info@ednamyanmar.com.

စီမံကိန်း ဗီဒီယိုများ ကိုကြည့်ရှုရန် သင့်အား ကျွန်ုပ်တို့ကြိုဆိုပါသည်။

Myanmar Red Cross Society (MRCS) and EDNA Myanmar