EDNA

Announcement News

ဘုန်းတော်ကြီးပညာသင်ကျောင်းများနှင့် အသင်းတော်အခြေပြုပညာသင်ကျောင်းများရှိ ဆရာ၊ဆရာမ များအတွက် စွမ်းရည်မြှင့်တင်ခြင်းစီမံကိန်း (၂၀၂၂ – ၂၀၂၃)

ဘုန်းတော်ကြီးပညာသင်ကျောင်းများနှင့် အသင်းတော်အခြေပြုပညာသင်ကျောင်းများရှိ ဆရာ၊ဆရာမ များအတွက် စွမ်းရည်မြှင့်တင်ခြင်း စီမံကိန်းကို ဇန်နဝါရီလ ၁၅ရက်၊ ၂၀၂၃ခုနှစ်တွင် အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ပါသည်။ မေလ ၂၀၂၂ ခုနှစ်မှ ဇန်နဝါရီလ ၂၀၂၃ ခုနှစ် အထိ ရှစ်လတာကြာမြင့်သည့် ဤစီမံကိန်းတွင် အဝါရောင် မျိုးဆက်သစ်လူငယ်များ ဘုန်းတော်ကြီးပညာသင်ကျောင်း (YGW) နှင့် ဟန်းဆန် အသင်းတော်အခြေပြု ပညာသင်ကျောင်းမှ ဆရာ၊ဆရာမများအား စီးပွားရေးပညာနှင့် ပံ့ပိုးမှုလုပ်ငန်းစဉ်များကို သင်ကြားပေးနိုင် ခဲ့ပါသည်။ ထို့အပြင် စွန့်ဦးစီးပွားစွမ်းဆောင်မှုဖွံ့ဖြိုးရေးစင်တာ (ငွေဆောင်)၊ လူငယ် ဘာသာစကားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်း (မြစ်ကြီးနား)နှင့် မောဝ်ပန်မိုင်ရှမ်းအွန်လိုင်း ဘာသာ စကားစင်တာ(နမ့်ခမ်း) တို့မှ မိတ်ဖက်ဆရာ၊ဆရာမများလည်း အဆိုပါစီမံကိန်းတွင် ပါဝင်ခဲ့ကြပါသည်။ စီမံကိန်းတွင် အောက်ပါအစိတ်အပိုင်းများ ပါဝင်ပါသည်။ ပထမပိုင်း- သင်တန်းသားများအတွက်စွန့်ဦးစီးပွားသင်တန်းနှင့် အခြေခံစီးပွားရေးအသိပညာသင်တန်း ပေးခြင်း ဒုတိယပိုင်း […]

Announcement News

In cooperation with Ms. Paola Wentzler (M.A. International Management) Investing in Youth led Enterprise and Professional Development Program EDNA Myanmar, MFT ႏွင့္ Ms.Paola Wentzler တို့ပူးပေါင်း၍ လူငယ်များ ဦးဆောင်သော လူမှုစွန့်ဦးစီးပွားရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့်လုပ်ငန်းခွင် စွမ်းရည်ဖွံ့ဖြိုးရေး စီမံကိန်း   2019 January လတွင် စတင် ကောင်အထည်ဖော်ဆောင််မည့် EDNA Myanmar, MFT နှင့် Ms. Paola Wentzler တို့ ပူးပေါင်း၍ လူငယ်များ ဦးဆောင်သော လူမှုစွန့်ဦးစီးပွားရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်ငန်းခွင် စွမ်းရည်ဖွံ့ဖြိုးရေး စီမံကိန်းတွင် […]

Update News

Download

ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ လူငယ်နှင့် အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးစီမံကိန်း

၂၀၂၁-၂၀၂၂ခုနှစ် လူငယ်နှင့်အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးစီမံကိန်းအား စိန်ခေါ်မှုများကြားမှအောင်မြင်စွာ အကောင်အထည် ဖော် ဆောင်နိုင်ခဲ့ပါသည်။ စွန့်ဦးစီးပွားစွမ်းဆောင်ရှင်များနှင့် လုပ်ငန်းရှင်များသည်မရေရာမှု၊စွန့်စားမှု မြင့်မားသောပတ်ဝန်းကျင်တွင် ဆောင်ရွက်နေကျဖြစ်သည်။ လွန်ခဲ့သောနှစ်မှစ၍ ပြင်ပလောက၏ မရေရာမှုအပေါ် လုပ်ငန်းရှင်များ၏ စွန့်စားရမှုများမှာ ပို၍အရှိန်မြင့်လာခဲ့ပါသည်။ EDNA Myanmar အနေဖြင့်အဆိုပါအချိန်ကာလများတွင် စွန့်ဦးစီးပွားစွမ်းဆောင်ရှင်များအတွက် ပံ့ပိုးကူညီမှုအား ဆက်လက်ပံ့ပိုး ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုနှစ်စီမံကိန်းတွင် ယခင်နှစ်မှစီမံကိန်းဝင်ဟောင်း ၆၀ဦးအပါအဝင် ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှစွန့်ဦးစီးပွားစွမ်းဆောင်သူ စီမံကိန်းဝင်ပေါင်း ၁၆၃ဦးတို့အား ပံ့ပိုးကူညီပေးနိုင်ခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သတိပေးအပ်ပါသည်။ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ လူငယ်နှင့် အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးစီမံကိန်း View Video × ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ လူငယ်နှင့် အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးစီမံကိန်း

မြစ်ကြီးနား ၊ ဟိုပင်၊အင်းတော်ကြီးဒေသနှင့် ဧရာဝတီတိုင်းရှိ လူငယ်နှင့်အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့်လုပ်ငန်းဖွံဖြိုးမှု မြှင့်တင်ရေး စီမံကိန်း

စွန့်ဦးစီးပွားရေးလှုပ်ရှားဆောင်ရွက် မှု့သည် များသောအားဖြင့် ထိုလုပ်ငန်း အားဦးဆောင်သူ လုပ်ငန်းရှင် များလုပ်ဆောင်လေ့ရှိသည်။ စွန့်ဦးစီးပွားစွမ်းဆောင်သူများသည် ပြောင်းလဲမှု့မြန်ဆန်သော မရေရာသော ပတ်ဝန်းကျင်တွင် လုပ်ဆောင်ကြရသောကြောင့် စိန်ခေါ်မှု့အခက်ခဲ မျိုးစုံတို့သည် ထို စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်အား ရိုက်ခတ်ပေသည်။