EDNA

News and Events

EDNA မြန်မာသည် MSME ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်အားရရှိခဲ့ပါသည်။

နေပြည်တော်တွင် မတ်လ၂၂-၂၄-၂၀၁၉တွင်ကျင်းပခဲ့သောအမျိုးသားအဆင့် MSME ကုန်စည်ပြပွဲနှင့်ပြိုင်ပွဲတွင် EDNA မြန်မာသည် MSME ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏အသိအမှတ်ပြုဂုဏ်ပြုလက်မှတ်အားရရှိခဲ့ပါသည်။

အခမ်းအနားတွင်မြန်မာနိုင်ငံ ဒုတိယသမ္မတမှ အဖွင့်အမှာစကားပြောကြားသည်။ အဖွင့်အမှာ စကားတွင် မြန်မာနိုင်ငံ ဒုတိယသမ္မတမှ စီးပွားရေး၏ ၉၉ ရာခိုင်နှုန်းသည် MSME များပါဝင်သော ကြောင့်မြန်မာ့ စီးပွားရေး အတွက် MSME များ၏ အရေးပါပုံ ကိုမီးမောင်း ထိုးပြခဲ့သည်။ ဒုတိယသမ္မတသည် MSME များ၏ အရေးပါမှုနှင့်မြန်မာနိုင်ငံရှိ MSME ဖွံ့ဖြိုးတိုးတက်မှု အတွက်လိုအပ်ချက်များ ဆောင်ရွက်နေမူ များကို လည်း အသိအမှတ်ပြုပြောကြားခဲ့သည်။ အသေးစား နှင့် အလတ်စားလုပ်ငန်းများလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေး ကော်မတီသည်မြန်မာနိုင်ငံရှိ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ဆောင်နေသော မိတ်ဖက်အဖွဲ့အစည်းများအား ထိုအခမ်းအနား တွင်ဂုဏ်ပြု ခဲ့သည်။ ထိုအခမ်းအနားတွင် EDNA Myanmarသည် ဖွံဖြိုးရေးဌာနအား ပံ့ပိုးထောက်ပံ့မှုများနှင့် ပူးပေါင်းဆောင်ရွက်သည့်အတွက် MSME ကော်မတီမှဂုဏ်ပြုအသိအမှတ်ပြု လက်မှတ်အား ပေးအပ်ခဲ့သည်။

EDNA Myanmar သည်ဤကဲ့သို့ အသိအမှတ်ပြုခံရသည့် အတွက်အလွန်ဂုဏ်ယူပါသည်။

ဗီဒီယိုများကိုကြည့်ရှုရန်သင့်အားကျွန်ုပ်တို့ကြိုဆိုပါသည်။

MSMEs Channel 7 Myanmar

National MSMEs Product Trade Fair and Contest MRTV