EDNA

OUR PROJECTS
ANNOUNCEMENT AND NEWS

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦး စီးဌာနမှအသေးစားနှင့်အလတ်စားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနမှအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက်စီးပွားရေးစွမ်းဆောင်မှုဆိုင်ရာပညာရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပံ့ ပိုး မှုများ

EDNA Myanmar မှလေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဂေဟစနစ်မှာပံ့ပိုးမှုကင်းမဲ့ လျက် ရှိသည်။ EDNA Myanmar သည်စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်သော်လည်း စွန့်ဦးစီးပွားပညာရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပံ့ပိုးမှုများတွင် ဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ပံ့ပိုးပေးဖြင်းဖြင့် နိုင်ငံတစ်ဝှမ်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို အကျိုးပြု ‌စေနိုင်မည်ဟု ယုံကြည်ပါသည်။

စက်မှု ၀န်ကြီးဌာန၊ အသေးစားနှင့် အလတ်စားစီးပွားရေး ဦးစီးဌာနနှင့် EDNA Myanmar တို့ ၏ ပူးပေါင်း စီမံကိန်းသည် မြန်မာ နိုင်ငံရှိစီးပွားစွမ်းဆောင်ရှင် များ၏အခြေအနေကို အထောက်အကူ ဖြစ်စေ မည်ဟု ယုံကြည်ကြသည်။

EDNA Myanmar နှင့် DISI – DSME စီမံကိန်းမှ

• DISI-DSME အရာရှိဝန်ထမ်းများအား အရည်အသွေး ပြည့်ဝသော စီးပွားရေး စွမ်းဆောင်မှုပညာသင်ကြား နိုင်သော ဆရာများဖြစ်လာရန် ။

• DISI-DSME အရာရှိဝန်ထမ်းများအား အရည်အသွေးပြည့်ဝသော စီးပွားရေး ဖွံ့ဖြိုး အား ကူညီပံ့ပိုး နိုင်သော လမ်းပြကူညီပံ့ပိုးသူများ ဖြစ်လာစေရန်။

• DISIDSME အရာရှိဝန်ထမ်းများအား စီမံကိန်းသက်ရောက်မှု အကဲဖြတ်ခြင်းနှင့် မူဝါဒနှင့်သက်ဆိုင်သော သုတေသနပြုခြင်းများပြုလုပ်မှု့ တိုးတက်စေရန်။

ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ

• DSME ဌာန မှ အရာရှိများအား လမ်းပြကူညီပံ့ပိုးသူများအဖြစ် ပျိုးထောင်ရန်။

•လုပ်ငန်းရှင်နှင့်ထိတွေ့ဆက်ဆံရန်လမ်းညွှန်ဆရာ ၃၄ ယောက်ထွက်ပေါ်လာစေရန်။

• DISI-DSME ၀န်ထမ်းများကိုလမ်းညွှန်ပေးရန်အဆင့်မြင့်လမ်းညွှန်ဆရာ ၅ ယောက် ပျိုးထောင်ရန်။

•အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ စီးပွားရေးလုပ်ငန်းရှင်များကို နည်းပညာပေးရန်။

•DSMEလမ်းပြကူညီပံ့ပိုးသူများမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း ပါဝင်သူ ၃၀၀၀ အားစွမ်းရည်ပြည့်ဝသော စီးပွား‌ရေးစွမ်းဆောင်သူများ ဖြစ်လာစေရေး အတွက် ပျိုးထောင်ရန်။

•အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အကျိုး သက်ရောက်မှု နှင့် သုတေသနအရာရှိများ ဖွံ့ဖြိုးတိုးတက်စေခြင်း ကျွမ်းကျင်မှု့ပျိုးထောင်ရန်။

•မူဝါဒဆိုင်ရာ သုတေသနစီမံကိန်းထိရောက်မူကို သုံးသပ်နိုင်သောလမ်းပြပံ့ပိုးသူ သုတေသီ ၁၀ ယောက် ပျိုးထောင်ရန်။

ပူးပေါင်းမှုကို ၂၀၁၇ခုနှစ်ဇန်နဝါရီလတွင်စတင်၍ EDNA Myanmarသည် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများမှအရာရှိ ၅၀ ကို ပံ့ပိုးသူနည်းပြသင်တန်းပို့ချခဲ့သည်။ DSME အရာရှိများ၏လုပ်ငန်းရှင် များအား လမ်းပြ ကူညီပံ့ပိုး မူများအား ၂၀၁ရ-၁၈ အတွင်းလုပ်ဆောင်ခဲ့သည်။

DISI-DSME-EDNA မြန်မာစီမံကိန်းတွင် အလုပ်လုပ်နေသော အရာရှိများသည် EDNA Myanmar ပညာရေး အဖွဲ့ နှင့် စီမံကိန်းသုံးသပ်မှု့ အဖွဲ့တို့၏လမ်းညွှန်မှုအား စီမံကိန်း ကာလအတွင်းတွင်ရရှိခဲ့ပါသည်။ ဆက်လက် ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် မာစတာအတန်းများကို EDNA Myanmarနှင့် ၎င်း၏ကွန်ရက်ဖွဲ့အစည်းများမှ လုပ်ဆောင် ကြမည် ဖြစ်ပါသည်။

စီမံကိန်း ဗီဒီယိုများကို ကြည့်ရှုရန်သင့်အား ကျွန်ုပ်တို့ကြိုဆိုပါသည်။

Entrepreneurship Education and Enterprise Development Initiatives for SME members

Data Analysis & Reporting Training