EDNA

OUR PROJECTS
ANNOUNCEMENT AND NEWS

တစ်နိုင် တစ်ပိုင်နှင့် အသေးစား စီးပွားရေး လုပ်ကိုင်လိုသူ များအတွက် စွန့်ဦးတီထွင် စီးပွားရေး စွမ်းဆောင်မှု ပညာရေး နှင့်လုပ်ငန်း ဖွံ့ဖြိုးမှု့ မြှင့် တင် ရေး စီမံကိန်း

၂၀၁၃ ခုနှစ်ဒီဇင်ဘာ လမှစတင်၍ EDNA Myanmar သည် သုံးနှစ်တာ ထူးခြားထိရောက်သော စီမံကိန်း တစ်ရပ်အား ဖော်ဆောင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏လမ်းပြကူညီပံ့ပိုးသူများ၊ပါဝင်သူ စီမံကိန်းဝင်များ၊သင်ကြားရေး နည်းစနစ် များ၊လုပ်ငန်း ဖွံ့ဖြိုးမှု့မြှင့်တင်ရေး လုပ်ငန်းစဉ်များ နှင့်စီမံကိန်းထိရောက်မူတိုင်းတာမူများသည် အခြား စီမံကိန်း များနှင့်မတူ ကျွန်ုပ်တို့အား ကွဲပြားခြားနား စေသည်။

ယခုတွင်ကျွန်ုပ်တို့တွင် မြန်မာနိုင်ငံတဝှမ်းမှ စုစည်းထားသော လမ်းပြကူညီပံပိုးသူဆရာ၁၀၀ကျော်ရှိသည်။ ထိုလမ်းပြပံ့ပိုးသူများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးးအတွက် ပြောင်းလဲသူများဖြစ်ပြီး ၊ ၎င်းတို့သည် နှစ်လတာ လေ့ကျင့်သင့်ယူမူအပြီး ၅လကြာလုပ်ငန်းခွင် လက်တွေ့လုပ်ဆောင်မှု့ပြီးဆုံး အောင်မြင်ပြီးသူများဖြစ်သည်။ ၄င်းတို့သည် လမ်းပြပံ့ပိုးရန် စွဲမြဲစွာ ခံယူချက် ထားရှိသူများ ဖြစ်ရာပညာရေး ပံ့ပိုးမှု ဆောင်ရွက် ခွင့် အား စိတ်အား သန်သူများ ဖြစ်ကြသည်။ လမ်းပြ ပံ့ပိုးသူ အများစုသည် သုံးနှစ်စီမံကိန်း ကာလအတွင်း စီမံကိန်းဝင် လုပ်ငန်းရှင် ၂၀၀ကျော်ကိုလမ်းပြပံ့ပိုးပေးခဲ့၍ ၄င်းတို့ရပ်ရွာ၏ လေးစားမှုကို ခံရသည့်ပြောင်းလဲမှု အကျိုးဆောင်များဖြစ်လာ
သည်။

ကျွန်ုပ်တို့ စီမံကိန်းတွင် ပါဝင်သူများသည် ခြောက်လကြာလေ့လာသင်ယူခြင်း (တစ်ပတ်လျှင် တစ်ရက်) လုပ်ဆောင်မူများမှတဆင့်လေ့လာသင်ယူနိုင်ရန်အတွက် စီမံကိန်းအားပြင်ဆင်ရေးဆွဲခဲ့သည်။ အတန်းတွင်း ဆွေးနွေးမူများမှသည် မဟာဗျူဟာ၊ စျေးကွက်ရှာဖွေရေး၊ ငွေကြေးထိန်းသိမ်းမူ၊ လုပ်ငန်းဆောင်ရွက်မူ အရည်အသွေးအားပံပိုးပေးသည်။ ခေါင်းဆောင်မှုနှင့် ဆက်သွယ်ညှိနိုင်း ခြင်းစွမ်းရည်များကိုပိုမိုတိုးတက် ခိုင်မာစေသည်။

ကျွန်ုပ်တို့၏ပညာရေး၏ မတူညီထူခြားမူများမှာ သင်ရိုးညွှန်းတမ်းကို Dr. Richard Seymour (Sydney တက္ကသိုလ်) မှ တီထွင်ခဲ့၍ ဒေါ်ကြည်ကြည်ငြိမ်း (EDNA Myanmar) မှ မြန်မာနိုင်ငံအတွင်းရှိဖြစ်ရပ်မှန်များကို သုတေသနပြု ခဲ့သည်။ အာရှမှအတုယူ အားကျဖွယ် ပုံပြင်များလည်းပါ ၀င်သည်။ သင်တန်းသားများ စီးပွားရေး လုပ်ငန်း တည်ဆောက် နိုင်ရန် လှုံ့ဆော်အားပေးသော သင်ရိုးအား အပိုင်း သုံးပိုင်းဖြင့်မိတ်ဆက်ပေးရာ ၎င်းတို့၏ စီးပွားရေး သဘောတရား နားလည် မှု့အား နက်ရှိုင်းလာစေသည်။ ခြောက်ပတ်တာကာလအတွင်းတွင် လေ့လာမူများအတွက် ဦးတည်ချက်များမှာ အောက်ပါမေးခွန်းများဖြစ်သည်။

((၁) ကျွန်ုပ်ဘာလုပ်နိုင်လဲ၊ ဘယ်သူဖြစ်လာနိုင်သလဲ။
(၂)ပြင်ပလောကမှာ ဘာတွေဖြစ်နေသလဲ၊ သူတို့ဘာလိုချင်တာလည်း။
(၃) ကျွန်ုပ်၏စီးပွားရေးကို ဘယ်လိုထူထောင်နိုင်သလဲ။
(၄) ကျွန်ုပ်၏စီးပွားရေးကို မည်သို့စီမံခန့်ခွဲပြီး မည်သို့ဦးဆောင်သင့်သလဲ။
(၅) ကျွန်ုပ်၏ လုပ်ငန်းလုပ်ဆောင်မူများကို မည်သို့အစီရင်ခံပြီး မှတ်တမ်းများကို မည်သို့စောင့်ကြည့်မည်နည်း။

ဤလေ့လာမှု အပိုင်းသည် စီးပွားရေးစွမ်းဆောင်သူ များ၏ အယူအဆများ ဖွင့်ဆိုချက်များ နှင့်စီးပွားရေးဆိုင်ရာ ဘာသာရပ် များ အပေါ် သိနားလည်မူများ ဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်ထားသည်။ စီးပွားရေး လုပ်ငန်းများထူထောင်ရန်နိုင် ရန်အတွက် စီးပွားရေး ၏ ရူပ်ထွေးမူများကို နားလည်နိုင်ရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏စီးပွားရေး ဖွံ့ဖြိုးမှု့မြှင့်တင်ရေးနေ့များတွင်လည်း စီမံကိန်းတွင် ပါဝင် သူများသည် လက်တွေ့ကျသောထိုးထွင်း သိမြင်မူ၊ သတင်းအချက်အလက်များ၊စီးပွားရေး စိတ်ကူးများ ရရှိစေပါသည်။ လုပ်ငန်းဖွံဖြိုးမူ မြှင့်တင်ရေးသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား စျေးကွက်၀င်ရောက်နိုင်ရန်၊ ၎င်းတို့၏ဖောက်သည်များ တိုးပွားစေရန်နှင့် စီးပွားရေးကွန်ရက်များကိုတည်ဆောက်ရန် (တိုးချဲ့ရန်) ကူညီသည်။

စီမံကိန်းမြှင့်တင်ရေးဌာနမှ စီမံကိန်း ထိ ရောက်မှု့ ခြုံငုံ၍သုံးသပ်ခြင်းများပြုလုပ်သည်။ ကွင်းဆင်းသတင်းအချက်အလက် ကောက်ယူခြင်းများ၊ သုတေသနပြုလုပ်ခြင်းများ၊ စောင့်ကြည့် သုံးသပ်လေ့လာမူများ၊ ပြုလုပ်ခြင်းအစီအစဉ်များမှ သင်ကြားရေး/ ပညာရေး ၏ အရည်အသွေး အားစဉ်ဆက်မပြတ် ထိန်းသိမ်း တိုးမြင့်နိုင်ရန် လည်းကောင်း၊ စီမံကိန်း၏အကျိုးသက်ရောက်မူကိုသိရှိနိုင်ရန်လည်းကောင်း အထောက်အကူ ပေးသည်။ ကျွန်ပ် တို့၏ ပူးပေါင်းသုတေသန လုပ်ငန်း စဉ်များမှာမူ ပြည်တွင်းတက္ကသိုလ်များ၊ ဝန်ကြီးဌာန များနှင့်ပူးပေါင်းကာ လုပ်ငန်းများ၏ လုပ်ငန်း ကဏ္ဍ သဘာဝ များ၊ ၎င်းလုပ်ငန်းများ ၏ ပတ်ဝန်းကျင် ဂေဟစနစ်အား သိရှိနိုင်စေရန်ဆောင်ရွက်သည်။ ကျွန်ုပ်တို့၏ တွေ့ရှိမူများ အပေါ် အ‌ခြေခံ ၍ တခြားသောအဖွဲ့အစည်းများ အကျိုး ကျေး‌ဇူး ရရှိမည်ဖြစ်သည်။

Base Line

Classes in the Field

EDD in Regions

Mentor Training

Myanmar Enterprise Development Day

EDNA overview 2014


Funded by

 
   

 class=