EDNA

OUR PROJECTS
ANNOUNCEMENT AND NEWS

ဘုန်းတော်ကြီးပညာသင်ကျောင်းများနှင့် အသင်းတော်အခြေပြုပညာသင်ကျောင်းများရှိ ဆရာ၊ဆရာမ များအတွက် စွမ်းရည်မြှင့်တင်ခြင်းစီမံကိန်း (၂၀၂၂ – ၂၀၂၃)

ဘုန်းတော်ကြီးပညာသင်ကျောင်းများနှင့် အသင်းတော်အခြေပြုပညာသင်ကျောင်းများရှိ ဆရာ၊ဆရာမ များအတွက် စွမ်းရည်မြှင့်တင်ခြင်း စီမံကိန်းကို ဇန်နဝါရီလ ၁၅ရက်၊ ၂၀၂၃ခုနှစ်တွင် အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ပါသည်။ မေလ ၂၀၂၂ ခုနှစ်မှ ဇန်နဝါရီလ ၂၀၂၃ ခုနှစ် အထိ ရှစ်လတာကြာမြင့်သည့် ဤစီမံကိန်းတွင် အဝါရောင် မျိုးဆက်သစ်လူငယ်များ ဘုန်းတော်ကြီးပညာသင်ကျောင်း (YGW) နှင့် ဟန်းဆန် အသင်းတော်အခြေပြု ပညာသင်ကျောင်းမှ ဆရာ၊ဆရာမများအား စီးပွားရေးပညာနှင့် ပံ့ပိုးမှုလုပ်ငန်းစဉ်များကို သင်ကြားပေးနိုင် ခဲ့ပါသည်။ ထို့အပြင် စွန့်ဦးစီးပွားစွမ်းဆောင်မှုဖွံ့ဖြိုးရေးစင်တာ (ငွေဆောင်)၊ လူငယ် ဘာသာစကားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်း (မြစ်ကြီးနား)နှင့် မောဝ်ပန်မိုင်ရှမ်းအွန်လိုင်း ဘာသာ စကားစင်တာ(နမ့်ခမ်း) တို့မှ မိတ်ဖက်ဆရာ၊ဆရာမများလည်း အဆိုပါစီမံကိန်းတွင် ပါဝင်ခဲ့ကြပါသည်။

စီမံကိန်းတွင် အောက်ပါအစိတ်အပိုင်းများ ပါဝင်ပါသည်။
ပထမပိုင်း- သင်တန်းသားများအတွက်စွန့်ဦးစီးပွားသင်တန်းနှင့် အခြေခံစီးပွားရေးအသိပညာသင်တန်း ပေးခြင်း
ဒုတိယပိုင်း – ရန်ကုန်မြို့တွင် အခြေခံစီးပွားရေးအသိပညာ ဆရာဖြစ်သင်တန်းပို့ချခြင်း
တတိယပိုင်း- လက်တွေ့သင်ကြားမှုအတွက် ပြင်ဆင်ခြင်းနှင့် လမ်းပြပံ့ပိုးမှုသင်တန်းပို့ချခြင်း
စတုတ္ထပိုင်း – မိမိတို့၏ဒေသတွင် အခြေခံစီးပွားရေးပညာအား ပြန်လည်ပို့ချခြင်း
ပဉ္စမပိုင်း – ဆုရဆယ်ကျော်သက်စီးပွားရေးသင်တန်းသားများအား ဆုချီးမြှင့်ခြင်း
ဆဌမပိုင်း – စီမံကိန်းမှတစ်ဆင့် တိုးတက်မှုအခြေအနေများအား စောင့်ကြည့်လေ့လာသုံးသပ်ခြင်း

နည်းပြဆရာ၊ဆရာမ ၁၆ ဦး (အခြေပြုကျောင်းများမှ ၁၂ ဦးနှင့် စင်တာများမှ ၄ ဦး) တို့ထူးချွန်စွာ သင်တန်းပြီးဆုံး အောင်မြင်ခဲ့ပါသည်။ ဆယ်ကျော်သက်လူငယ် ၂၂၉ ဦးမှလည်း အထက်ဖော်ပြပါ နည်းပြဆရာ၊ ဆရာမများမှပို့ချသော အခြေခံစီးပွားရေးအသိပညာသင်တန်းကို လက်ခံရရှိခဲ့ပါသည်။
ဟန်းဆန်အသင်းတော် အခြေပြုပညာသင်ကျောင်းမှလည်း ၎င်းတို့၏ကျောင်းသင်ရိုးညွှန်းတမ်းတွင် အခြေခံစီးပွားရေးအသိပညာသင်ရိုးကို ပြဌာန်းကာ လာမည့်နှစ်များတွင် ဘာသာရပ်တစ်ခုအနေဖြင့် ပို့ချရန်စီစဉ်ထားကြောင်း EDNA မှဂုဏ်ယူဝမ်းမြောက်စွာ သိရှိရပါသည်။ YGW (ပုသိမ်) မှလည်း BBK သင်ရိုးအား ကျောင်းပြင်ပ လက်တွေ့လေ့လာမှု အစီအစဉ်အဖြစ် ဆက်လက် ဖော်ဆောင်သွားမည်ဟု သိရပါသည်။

ဘုန်းတော်ကြီးပညာသင်ကျောင်းများနှင့် အသင်းတော်အခြေပြုပညာသင်ကျောင်းများရှိ ဆရာ၊ဆရာမ များအတွက် စွမ်းရည်မြှင့်တင်ခြင်းစီမံကိန်း (၂၀၂၂ – ၂၀၂၃)

Edna Myanmar