EDNA

OUR PROJECTS
ANNOUNCEMENT AND NEWS

မြစ်ကြီးနား ၊ ဟိုပင်၊အင်းတော်ကြီးဒေသနှင့် ဧရာဝတီတိုင်းရှိ လူငယ်နှင့်အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့်လုပ်ငန်းဖွံဖြိုးမှု မြှင့်တင်ရေး စီမံကိန်း

စွန့်ဦးစီးပွားရေးလှုပ်ရှားဆောင်ရွက် မှု့သည် များသောအားဖြင့် ထိုလုပ်ငန်း အားဦးဆောင်သူ လုပ်ငန်းရှင် များလုပ်ဆောင်လေ့ရှိသည်။ စွန့်ဦးစီးပွားစွမ်းဆောင်သူများသည် ပြောင်းလဲမှု့မြန်ဆန်သော မရေရာသော ပတ်ဝန်းကျင်တွင် လုပ်ဆောင်ကြရသောကြောင့် စိန်ခေါ်မှု့အခက်ခဲ မျိုးစုံတို့သည် ထို စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်အား ရိုက်ခတ်ပေသည်။ ထိုဖြစ်နိုင်ချေရှိသော စိန်ခေါ်မှု့အခက်အခဲ များအား ကြိုတင်မှန်းဆ ကိုင်တွယ်မှသာ လုပ်ငန်းသည် တည်မြဲပေမည်။

COVID 19၏ ရိုက်ခတ်မှု့သည် ကမ္ဘာနှင့်အဝှမ်းရှိလုပ်ငန်းများ စီးပွားရေးလုပ်ကိုင် နေသူ တိုင်းအပေါ် လွှမ်းမိုး ရိုက်ခတ် လျက်ရှိသည်။ ပြည်သူ ပြည်သားများ၏ အသက်မွေးဝမ်းကျောင်းမှု့ သာမက  အငယ်စား အသေးစားအလတ်စား လုပ်ငန်း များ အပေါ် အခက်ခဲများစွာကျရောက်စေသည်။ လုပ်ငန်းများပိတ်ကာ အခွင့်အလမ်းအသစ် အားရှာဖွေလျက်ရှိ၏၊ EDNA Myanmar သည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများ နှင့် လုပ်ကိုင် လျှက်ရှိကြသူများ အတွက် ဘက်ပေါင်းစုံ ပါဝင်သော စွန့်ဦးစီးပွားပညာရေးနှင့်

လုပ်ငန်းဖွံ့ဖြိုးမှုမြှင်တင်ရေး ပံ့ပိုးမှု့များ ဖြင့် အခွင့်အလမ်းအသစ်ရှာဖွေနေသူများအတွက် ပံ့ပိုးပေး၏၊ ကြုံတွေ့နေသော စီးပွားရေး စိန်ခေါ်မှု့အား တုန့်ပြန်နိုင်စေရန် EDNA Myanmar- Matchrs- Moving Forward Together တို့ပူးပေါင်း၍ online ပံ့ပိုးမှု့ ပါဝင်သော စမ်းသပ်စီမံကိန်းအား လုပ်ဆောင်ခဲ့သည်။

စီမံကိန်းနယ်မြေမှ လူပေါင်း ၉၀ လက်ခံခဲ့သည်။ လုပ်ငန်းပေါင်း ၄၂ ခုအားပံ့ပိုးနိုင်ခဲ့ရာ လုပ်ငန်းသစ် ၁၉ ခုပါဝင်သည်။ စီမံကိန်းဝင်များသည် COVID ၏စိန်ခေါ်မှု့အား ရင်ဆိုင်လျက် လုပ်ငန်း များအား တိုးချဲ့လုပ်ကိုင် နေသည်ကိုအားရဖွယ်တွေ့မြင်ရပါသည် ။မတ်လ မှစ၍ လက်ရှိစီမံကိန်းနယ်မြေနှင့်  အခြားနယ် မြေသစ်များတွင် လည်းစီမံကိန်းဝင်များအား တိုးချဲ့လက်ခံသွားမည် ဖြစ်ပါသည်။

နယ်မြေမိတ်ဖက်များဖြစ်ကြသော Face of Indawgyi, မေတ္တာရိပ် (ဟိုပင် )၊ ငွေဆောင် လူငယ်ကွန်ရက်၊ KBC ( Sama နယ်မြေရုံးခွဲ )  တို့အားလည်း ကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင် အပ်ပါသည်။

မြစ်ကြီးနား ၊ ဟိုပင်၊အင်းတော်ကြီးဒေသနှင့် ဧရာဝတီတိုင်းရှိ လူငယ်နှင့်အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့်လုပ်ငန်းဖွံဖြိုးမှု မြှင့်တင်ရေး စီမံကိန်း