EDNA

OUR PROJECTS
ANNOUNCEMENT AND NEWS

လူငယ်များဦးဆောင်သော လူမှု့စွန့်ဦး စီးပွားရေးလုပ်ငန်းများ တွင်ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်ငန်းစွမ်းဆောင်မှု့ စွမ်းရည် မြှင့်တင်ခြင်း စီမံကိန်း

EDNA Myanmar- Matchrs – Moving Forward Together တို့ ပူးပေါင်း၍ လူငယ်များ ဦးဆောင်သော လူမှု့စွန့်ဦး စီးပွားရေး လုပ်ငန်းတွင် ရင်းနှီးမြုပ်နှံခြင်းနှင့် လုပ်ငန်းခွင် စွမ်းရည် ဖွံ့ဖြိုးရေး စီမံကိန်းအား ဖော်ဆောင် ခဲ့ပါသည်။ ဤစီမံကိန်းသည် လူမှု့စီးပွား စွမ်းဆောင်မူ နှင့် ဒေသဖွံ့ဖြိုးရေးတွင် စိတ်ဝင်စား သော လူငယ်များအား ပြုစုပျိုးထောင်ပေးသော တစ် နှစ် တာအစီအစဥ် ဖြစ်ပါသည်။ ပရိုဂရမ် လိုအပ်ချက် အနေဖြင့် ဤစီမံကိန်းတွင် အခြား စီမံကိန်းမှ လုပ်ငန်းထူထောင်သူများအား လမ်းပြပံ့ပိုး ကူညီခြင်းတို့အား လုပ်ငန်းခွင် သင်ကြားမူ အနေဖြင့် ၅ လတာဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းဝင် များ သည် မိမိတို့ ကိုယ်ပိုင်လုပ်ငန်း သစ်အား ထူထောင်နိုင် ရမည်ဖြစ်သကဲ့သို့ EDNA ၏ အခြားစီမံကိန်းတွင် ပံ့ပိုးကူညီခြင်းနှင့် မိမိတို့၏ဒေသနှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်းမှု သင်တန်းများ ရေးဆွဲ အကောင်အထည်ဖော်ခြင်းကို လည်း လုပ်ဆောင် နိုင်ရပါမည်။ ထိုသို့ လုပ်ဆောင်နိုင် မှသာ လမ်းပြ ပံ့ပိုးသူ အဖြစ် အသိအမှတ်ပြုခြင်း ခံရပါသည်။

For more information please contact info@ednamyanmar.com.

စီမံကိန်း ဗီဒီယိုများ ကိုကြည့်ရှုရန် သင့်အား ကျွန်ုပ်တို့ကြိုဆိုပါသည်။

YLE video