EDNA

Our Projects

EDNA

ကယားပြည်နယ်ရှိAVSI-TVET သင်တန်း ဆင်းများ အတွက်စွန့်ဦးစီးပွား ပညာရေး နှင့် ပံ့ပိုးမူ စီမံကိန်း

EDNA Myanmar သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ကယားပြည်နယ်၊ ဒီမော့ဆို့ မြို့နယ်ရှိ AVSI-TVET အစီအစဉ်၏ သင်တန်းဆင်းများအား စွန့်ဦးစီးပွားပညာရေးနှင့်နှင့်ပံ့ပိုးမှုများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ ပညာရေး စီမံကိန်း ကာလအတွင်း အတန်း၆တန်းဖွင့်လှစ်ခဲ့ရာ ဒီမော့ဆို မြို့ အနီး ကျေးရွာ ၆၂ ရွာမှ သင်တန်းသား ၁၁၁ဦး တက်ရောက် သင်ယူခဲ့သည်။

တစ်နိုင် တစ်ပိုင်နှင့် အသေးစား စီးပွားရေး လုပ်ကိုင်လိုသူ များအတွက် စွန့်ဦးတီထွင် စီးပွားရေး စွမ်းဆောင်မှု ပညာရေး နှင့်လုပ်ငန်း ဖွံ့ဖြိုးမှု့ မြှင့် တင် ရေး စီမံကိန်း

၂၀၁၃ ခုနှစ်ဒီဇင်ဘာ လမှစတင်၍ EDNA Myanmar သည် သုံးနှစ်တာ ထူးခြားထိရောက်သော စီမံကိန်း တစ်ရပ်အား ဖော်ဆောင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏လမ်းပြကူညီပံ့ပိုးသူများ၊ပါဝင်သူ စီမံကိန်းဝင်များ၊သင်ကြားရေး နည်းစနစ် များ၊လုပ်ငန်း ဖွံ့ဖြိုးမှု့မြှင့်တင်ရေး လုပ်ငန်းစဉ်များ နှင့်စီမံကိန်းထိရောက်မူတိုင်းတာမူများသည် အခြား စီမံကိန်း များနှင့်မတူ ကျွန်ုပ်တို့အား ကွဲပြားခြားနား စေသည်။

EDNA

မွန်နှင့် ကရင်ပြည်နယ်များတွင် ဆင်းရဲမူ လျော့ချရန် LVT သင်တန်းဆင်းများ အတွက်စွန့်ဦးတီထွင် ပညာရေး နှင့် စီးပွားရေးဖွံ့ဖြိုးမူ မြှင့်တင်ရေးစီမံကိန်း

ဤစီမံကိန်းကို ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (SDC) နှင့် Swisscontact တို့က ငွေကြေး ထောက်ပံ့သည်။ စီမံကိန်းကို ၂၀၁၇ခုနှစ် ဇန်နဝါရီလတွင် မွန်နှင့်ကရင်ပြည်နယ်များတွင် စတင်ဆောင်ရွက်ခဲ့သည်။

EDNA Myanmar

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦး စီးဌာနမှအသေးစားနှင့်အလတ်စားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနမှအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက်စီးပွားရေးစွမ်းဆောင်မှုဆိုင်ရာပညာရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပံ့ ပိုး မှုများ

EDNA Myanmar မှလေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဂေဟစနစ်မှာပံ့ပိုးမှုကင်းမဲ့ လျက် ရှိသည်။ EDNA Myanmar သည်စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်သော်လည်း စွန့်ဦးစီးပွားပညာရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပံ့ပိုးမှုများတွင် ဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ပံ့ပိုးပေးဖြင်းဖြင့် နိုင်ငံတစ်ဝှမ်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို အကျိုးပြု ‌စေနိုင်မည်ဟု ယုံကြည်ပါသည်။

EDNA Myanmar

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန – EDNA Myanmar Research Hub

ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန (MoC) နှင့် EDNA မြန်မာပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၄ ခုနှစ်တွင်စတင်ခဲ့သည်။ EDNA Myanmar သည် ၀န်ကြီးဌာန၀န်ထမ်းများအတွက် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ပုံမှန်ပြုလုပ်သည်။ MoC နှင့် ပူးပေါင်း၍ မြန်မာ့ကုန်သွယ်ရေး ဦး စီးဌာနသည်

EDNA Myanmar

Supporting Universities

EDNA works closely with universities across the region and in Myanmar with its collaboration with the broader EDNA partners. This includes supporting business planning competitions with students from National Management College and Yangon University EPP program, working with universities in dry zone on teaching entrepreneurship, and supporting PhD students with research projects and accepting interns from Yangon University of Economics and National Management College.

EDNA

အလုပ်အကိုင်နှင့်ကိုယ်ပိုင်အလုပ်အတွက်သင်တန်းပေးခြင်း

စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးစွမ်းဆောင်မှုဆိုင်ရာ ပညာရေးနှင့် အလုပ်အကိုင်ကျွမ်းကျင်မှုသင်တန်းများကို အခကြေးငွေဖြင့် သင်ယူရရှိနိုင်ပါသည်။ အရည်အသွေး ပြည့်ဝ၍ လက်တွေ့ကျသော ပညာရေးကြား သင်ယူလိုသော လူငယ်ဘွဲ့ရများအတွက်ဖြစ်ပါသည်။ သင်တန်းများကို အတွေ့အကြုံရှိသော ဆရာများကသင့်တင့်၍ လက်လှမ်းမှီ စေရန်လမ်းညွှန် သင်ကြားပေးသည်။