EDNA

OUR PROJECTS
ANNOUNCEMENT AND NEWS

ကယားပြည်နယ်ရှိAVSI-TVET သင်တန်း ဆင်းများ အတွက်စွန့်ဦးစီးပွား ပညာရေး နှင့် ပံ့ပိုးမူ စီမံကိန်း

EDNA Myanmar သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ကယားပြည်နယ်၊ ဒီမော့ဆို့ မြို့နယ်ရှိ AVSI-TVET အစီအစဉ်၏ သင်တန်းဆင်းများအား စွန့်ဦးစီးပွားပညာရေးနှင့်နှင့်ပံ့ပိုးမှုများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ ပညာရေး စီမံကိန်း ကာလအတွင်း အတန်း၆တန်းဖွင့်လှစ်ခဲ့ရာ ဒီမော့ဆို မြို့ အနီး ကျေးရွာ ၆၂ ရွာမှ သင်တန်းသား ၁၁၁ဦး တက်ရောက် သင်ယူခဲ့သည်။

ကယားပြည်နယ်တွင် ပြုလုပ်သော စီမံကိန်းသည် ရက်သတ္တပါတ် အနည်းငယ်သာ ကြာမြင့် သော်လည်း ထို ကာလအတွင်း စွန့်ဦးစီးပွား ပညာရေးနှင့် ၎င်းတို့၏ စီးပွားရေး စိတ်ကူး စီမံကိန်းရေးဆွဲခြင်း၊ တင်ပြခြင်းတို့ပါ ပါဝင် ရာ အထူးကြပ်မတ် သော အတန်း တွင်း သင်ကြားမှု့ တစ်ရပ် ဖြစ် ပါသည်။ EDNA Myanmar ၏ ပုံ မှန် စီမံကိန်း များသည်၇ လမှ ၁၀ လ တာ ကြာ မြင့် လေ့ရှိပါသည်။

သင်တန်းသားများအနေဖြင့် စွန့်ဦးစီးပွားပညာရေး မှ ရရှိသောအတွေးအမြင် အသစ်များ သည် ၎င်း တို့ စီးပွားရေးလုပ်ဆောင်ရန် ယုံကြည်မူတစ်ရပ်တိုးမြှင့်ပေးမည်ဟု ကျွန်ုပ်တို့မျော်လင့်ထားပါသည်။ ဤစီမံကိန်းမှနေ၍ ၎င်းတို့၏ ပြသာနာဖြေရှင်းနိုင်သော စွမ်းရည်နှင့် သင်ကြားရရှိမူများအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင် သောစွမ်းရည်များ အပေါ် တွင်လည်း အကျိုး သက် ရောက်မှု့ ရှိမည် ဟုလည်း ကျွန်ပ်တို့ ယုံကြည်ပါသည်။ ၎င်းတို့ကိုယ်တိုင် စီပွားရေးလုပ်ငန်း အား ချက်ချင်း အကောင်အထည် ဖော် လုပ်ဆောင်မှု့ မရှိစေကာမူ၊ မိသားစု၏ ဝင်ငွေရရှိနိုင်မူလမ်းကြောင်းများတွင် ကူညီနိုင်မည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ၎င်းတို့ ရရှိထားသော စွန့်ဦးစီးပွား အသိ ပညာသည် ၎င်းတို့ ကိုယ်ပိုင်လုပ်ငန်း မထူထောင် သေးနိုင်စေကာမူအလုပ်အကိုင်ရှာဖွေရာတွင်လည်း များစွာ အထောက်အကူ ပြုလိမ့်မည်ဟု မျော်လင့် ပါသည်။ စီမံကိန်းပါ၀င်သူများ၏ စီးပွားရေးစိတ်ကူးတင်ပြနိုင်မှု့ စွမ်းရည်၊ညှိနှိုင်းဆွေးနွေးမှု စွမ်းရည်များတိုးတက်လာခြင်း၊ ဝန်ကြီးဌာနများ၏ ဒေသတွင်း ပံ့ပိုးမှု့ အစီအစဉ်များ၊ ဒေသခံစီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်း ဆိုင်ရာ ပံ့ပိုး မှု့များလက်လှမ်းမှီလာခြင်း၊ တိုးတက်လာသည်ကို တွေ့ရှိရသည်။ အိမ်သို့ပြန်ရောက်သည့်အခါတွင်လည်း ၎င်းတို့သည် မိသားစုစီးပွားရေး လုပ်ငန်းများတွင် ပါဝင်ကူညီနိုင်ရန်အလားအလာ များစွာ ရှိသည်ဟု ယုံကြည်ပါသည်။ သင်တန်းသားများသည် အသက်မွေးဝမ်းကျောင်းမူနည်းပညာ၊ အပြန်အလှန်ဆက်သွယ်ရေးနှင့် စွန့်ဦးစီးပွားစွမ်းဆောင်မူ ဆိုင်ရာ စွမ်းရည် ဗဟုသုတ တိုးတက် မူ များရှိလာသည်ကို တွေ့ရပါသည်။

ကယားပြည်နယ်သည် အခြားဒေသများနှင့် ချိတ်ဆက် မှု့ကုန်သွယ်မှု့များတွင် ပိုမိုပါဝင် လာသည်နှင့် အမျှ စီးပွားရေး အခွင့်အလမ်းများသည် ကယားလူငယ် များ၏ လက်တကမ်း တွင်ရှိလာရန် လိုအပ် ပါသည်။ ဤပြောင်းလဲမူ၏ အကျိုး ကျေးဇူးများကိုရရှိစေရန် ကယား လူငယ်များသည် စီးပွားစွမ်းဆောင်ရှင် တစ်ဦး ကဲ့သို့ စဉ်းစားလာနိုင်ရန် လိုအပ်ပါသည်။ စွန့်ဦး စီးပွားစွမ်းဆောင်ရှင်စီးပွားရေးပညာရေးနှင့်လုပ်ငန်း ဖွံ့ဖြိုးမှု့ ဆိုင်ရာပံ့ပိုးမူများ သည် စီးပွားရေး လွတ်လပ် မှုအတွက်သာမက၊ ကယားကျေးလက်ပြည် သူ လူထု၏ ပေါင်းစည်း မှုလုပ်ငန်းစဉ်များတွင်ပါ အထောက်အပံ့ဖြစ်စေမည်ဟု ကျွန်ုပ်တို့ယုံကြည် သည်။

စီမံကိန်း ဗီဒီယိုများ ကိုကြည့်ရှုရန် သင့်အား ကျွန်ုပ်တို့ကြိုဆိုပါသည်။

AVSI_EDNA project end video