EDNA

News and Events

DISI – DSME နှင့် EDNA Myanmar မှပြုလုပ်သည့် စွန့်ဦးတီထွင် ပညာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း

ဇန်နဝါရီလ ၁၉ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် EDNA Myanmar တို့ ပူးပေါင်း၍ မြန်မာနိုင် ငံ ရှိ SME များအတွက် တစ်နိုင်ငံလုံးဆိုင်ရာ စွန့်ဦးတီထွင် စီးပွားရေးပညာရေးနှင့် လုပ်ငန်းဖွံ့ဖြိုး တိုးတက်မူ စီမံကိန်းကို နိုင်ငံတဝှမ်းဆောင်ရွက်နိုင် ရန်မဟာဗျူဟာ ချမှတ်‌ရေးအလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် အားကျင်းပခဲ့သည်။

ဤစီမံကိန်းသည် မြန်မာနိုင်ငံရှိဒေသ ၁၃ ခုမှ အသေး စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်း ရှင် ၃၀၀၀ ဦးအား စီးပွားရေးစွမ်းဆောင်ရည်ဆိုင်ရာ ပညာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ဆောင် မှုပေးရန် ရည်ရွယ် ၍ DISM -DSME အရာရှိဝန်ထမ်းများအား EDNA Myanmar မှ နည်းပညာပိုင်းပံ့ပိုး၍ ထိုစီမံကိန်းအားအကောင် အထည်ဖော်မည်ဖြစ်သည်။ စီမံကိန်းဒေသ(၁၃)ခုအတွက်ဒေသဆိုင်ရာ မဟာဗျူဟာကို ရေးဆွဲရန်အလုပ်ရုံ ဆွေးနွေးပွဲအား ကျင်းပခဲ့ခြင်းဖြစ်သည်။

EDNA Myanmar မှဒေါ်ကြည်ကြည်ငြိမ်းမှ “ ဒီစီမံကိန်းကို အကောင်အထည်ဖော်ရာ မှာ အပိုင်း သုံးပိုင်းရှိပါတယ်။ ပထမတစ်ခုမှာ DISI-DSME လမ်းပြ ပံ့ပိုးသူအရာရှိများကို အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေ ကို စွန်ဦးစီးပွား နည်းပညာ နဲ့ လုပ်ငန်းဖွံ့ဖြိုးမှု့ပေး နိုင်ဖို့ နည်းပညာ ပံ့ပိုး ဖို့ ဖြစ် ပါ တယ်။ ဒုတိယ အစိတ်အပိုင်းမှာ DISI-DSME အရာရှိဝန်ထမ်းများ လုပ်ဆောင်မည့်စီမံကိန်း ကို စောင့်ကြည့်သုံးသပ် အကဲ ဖြတ်ဖို့ ဖြစ်ပါတယ်။ စီမံကိန်းရဲ့ တတိယ ပိုင်းမှာ EDNA Myanmar မှ စီမံကိန်း ကာလတွင်းပါဝင်သူ အရာရှိတွေကို လက်တွေ့ လုပ်ဆောင်နိုင်အောင်ပြင်ဆင်ပေးခြင်း၊ လုပ်ငန်း ခွင်လက်တွေ့ လုပ်ဆောင်မှု့လမ်းညွှန်ခြင်း နှင့် ပံ့ပိုး ပေးခြင်းဖြစ်ပါတယ်” ဟု ပြော ကြားခဲ့ ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်ပါ ၀င်သည့် DISI-DSME အရာရှိများအား ၂၀၁၇ ခုနှစ်ဇန်နဝါရီလ တွင် EDNA Myanmar မှငါးပတ်သင်တန်း ပို့ချမှုများကိုပြုလုပ်ခဲ့သည်။ စီမံကိန်း၂၄လတာကာလတစ်လျှောက်လုံး EDNA မှဒေသဆိုင်ရာ ကွန်ရက်ချိတ်ဆက်ခြင်းများနှင် နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများ ဆက်လက်၍ ကူညီဆောင်ရွက်ပေးခဲ့ သွားမည်ဖြစ်ပါသည်။ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ ” LIFTရဲ့ ငွေကြေးပံ့ပိုးမှု့နှင့် ဆစ်ဒနီတက္ကသိုလ်နှင့် အတူ EDNAဟာ မြန်မာပြည်မှာ ဒီ လို လုပ်ငန်းစဉ်၊ စီမံကိန်းကို ဖော်ဆောင်တာမို့EDNA Myanmar ရဲ့ နည်းပညာကျွမ်းကျင်မှုကိုကျွန်မ တို့အနေနဲ့ ယုံကြည်ပါတယ်။ ကျွန်မတို့ ဌာနက ဝန်ထမ်းတွေရဲ့ လူ့စွမ်းအားမြှင့်တင်ရေးအတွက်လဲ အများကြီး အကျိုး ရှိမယ် လို့ မျှော်လင့်ထားပါတယ်။” ဟု ပြောကြားခဲ့သည်။

EDNA Myanmar သည်စွန့်ဦးတီထွင်မှု ပညာသင်ကြားပို့ချခြင်းနှင့် မြန်မာနိုင်ငံတစ်ဝှမ်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်ထောက်ပံ့ရာ တွင် အသိအမှတ်ပြုရ လောက်သော အတွေ့ အကြုံ ရှိသည်။ ပညာရေး သင်ရိုးအား ဆစ်ဒနီ တက္ကသိုလ်မှ Dr .Richard Seymour နှင့်အတူ ပြည်တွင်း သုတေသနပုံပြင်များအား ဒေါ်ကြည်ကြည်ငြိမ်းမှ ပြုစုပါသည်။

ဗီဒီယိုများ ကိုကြည့်ရှုရန် သင့်အားကျွန်ုပ်တို့ကြိုဆိုပါသည်။

DISI-DSME-EDNA MM Workshop

SME Development : Capacity Building And Business Acceleration Workshop
Source : MITV

http://www.myanmaritv.com/news/sme-development-capacity-building-and-business-acceleration-workshop