EDNA

News and Events

မြန်မာ ပြည် လုပ်ငန်း ဖွံ့ဖြိုးမှု့မြှင့်တင်ရေး အခမ်းအနား

၂၀၁၇ ဖေဖော်ဝါရီ ၁၁ ရက်၊ စနေနေ့တွင် EDNA Myanmar သည် ၄င်း၏ စီမံကိန်းတွင်ပါဝင် သော မြန်မာ နိုင်ငံ တဝှမ်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အတွက် လုပ်ငန်းဖွံ့ဖြိုး မြှင့်တင်ရေးနေ့ အခမ်းအနား အား ကျင်းပခဲ့သည်။

EDNA Myanmar စီမံကိန်းဝင် စွန့်ဦးစွမ်းဆောင်ရှင် အချင်းချင်းလေ့လာ ဆွေးနွေး ချိတ်ဆက် ဆောင်ရွက် နိုင်ရန်အတွက် အဆိုပါ အခမ်းအနားအား ကျင်းပရ ခြင်းဖြစ်ပါသည်။

“ တနိုင်တပိုင်ရင်းနှီးမြပ်နှံသူများအတွက် စွန့် ဦး တီထွင်မှုနှင့်စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုစီမံကိန်း” အား LIFT မှ ငွေကြေးထောက်ပံ့ခဲ့၍ EDNA Myanmar နှင့်အတူ ဆစ်ဒနီစီးပွားရေးကျောင်းမှ စီးပွားရေးစွမ်းဆောင်မှုနှင့် ဆန်းသစ်တီထွင်မှုအဖွဲ့မှ အကောင်အထည်ဖော်ခဲ့သည်။ စီမံကိန်းသုံးနှစ်တာကာလ အတွင်းလမ်းပြကူညီပံ့ပိုးသူ ၁၅၀ ပေါ်ထွက် လာရန် ဆောင်ရွက်ခဲ့ ခြင်းနှင့် ၄င်း တို့မှ မြန်မာနိုင်ငံ တစ်ဝှမ်း ရှိဒေသ ၁၀ ခုမှလုပ်ငန်းရှင် ၉၄၀၀ နီးပါးကို သင်ကြား ပံ့ပိုး ပေး နိုင်ခဲ့သည်။

ဤအစီအစဉ်သည် စီမံကိန်းဝင်လုပ်ငန်းရှင် သင်တန်းသားများအား စီးပွားရေး စွမ်းဆောင်မူ နည်းပညာ အားလက်လှမ်း မှီစေရန် လုပ်ဆောင်ပေးသည်သာမက အတွေ့အကြုံရှိသော စီးပွားရေး လုပ်ငန်းရှင်များ နှင့် အပြန်အလှန် ဆွေးနွေး သင်ယူနိုင်ရန်လည်း ဆောင်ရွက် ပေး သည်။

ဤစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များ လွန်ခဲ့သော ၃ နှစ်တာအတွင်း ၈၁ ကြိမ် ကျင်းပခဲ့ ရာ DNA Myanmar သည် –

(၁)စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်များအား အရင်းအနှီး  လက်လှမ်းမှီစေရန် အကူအညီပေးနိုင်ခြင်း။

(၂)နည်းပညာများ လွဲပြောင်းပေးခြင်း၊ လုပ်ဆောင်မှု့ အကောင်းဆုံး နည်းစနစ် များအား ဝေမျှ ပေးခြင်း ။

(၃)အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက် ဈေးကွက် လက်လှမ်းမှီစေရန်ဆောင်ရွက်ခြင်း။

(၄)စီးပွားရေး လုပ်ဆောင်မှု့ စီမံခန့်ခွဲမှု့ ပိုင်းဆိုင်ရာ ကျွင်းကျင်မှု မြှင့်တင်ပေး ခြင်း ။

(၅) စီးပွားရေး လုပ်ငန်းများတိုးတက်ရန် အတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေးလုပ်ငန်း မြှင့်တင်ရေး ပံ့ပိုးမှု့ပေးခြင်း တို့အား အဓိကထား ဆောင်ရွက် ခဲ့သည်။

ယခု ကျင်းပသော မြန်မာပြည်လုပ်ငန်းဖွံဖြိုး မြှင့်တင် ရေး အခမ်းအနားတွင် LIFT စီမံကိန်း ဒေသ (၁၀) ခုရှိ စီမံကိန်းဝင်လုပ်ငန်းရှင် ၁၄၀၀ ကျော်အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ဤအခမ်းအနားတွင်စီးပွားရေး လုပ်ငန်းရှင်များ၊ ကုန်သွယ်ရေး ၀န်ကြီးဌာန၊ မြန်မာ့ကုန်သွယ်ရေး ဦးစီးဌာန၊ စက်မှု၀န်ကြီးဌာန အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ FDA ဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ ကြသည်။ ဒေသဆိုင်ရာပြပွဲများ နှင့် ၀န်ကြီးဌာန ပြန်ကြားရေး ကောင်တာများအား လေ့လာနိုင်ရန် အခမ်းအနားတွင် ထားရှိပါသည်။

ဗီဒီယိုများကိုကြည့်ရှုရန် သင့်အား ကျွန်ုပ်တို့ကြိုဆိုပါသည်။

Press release for Myanmar enteprise development