EDNA

OUR PROJECTS
ANNOUNCEMENT AND NEWS

ကချင်ပြည်နယ်ရှိ DRC စီမံကိန်းဝင်များအတွက်ဆင်းရဲမူလျော့ကျရေးဦးတည်သော စွန့်ဦးစီးပွား နည်းပညာနှင့် စီးပွားရေး လုပ်ငန်း မြှင့်တင်ရေး ပံ့ပိုးမူ

EDNA Myanmar သည် မြန်မာကြက်ခြေနီအသင်းနှင့် ဒိန်းမတ်ကြက်ခြေနီသင်းတို့ နှင့် ပူးပေါင်း၍“ ကချင်ပြည်နယ်တွင် စွန့်ဦးစီးပွားပညာရေးနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ပံ့ပိုးမှု့အားအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။

ငါးလတာကာလအတွင်း မြစ်ကြီးနား၊ ဗန်းမော်နှင့် မိုးညှင်းရှိ မြို့နယ်သုံးခုတွင် သင်တန်း ၁၂ ခုဖွင့်လှစ် ခဲ့သည်။ စစ် ဘေးရှောင် စခန်းမှလူပေါင်း ၂၈၀ နီးပါးသည်ဤ စီမံကိန်းတွင် ပါဝင် ခဲ့ရာ ယင်းပါဝင်သူ များမှ ၂၇၇ ဦး သည် ၎င်းတို့၏ စီးပွားရေး ဖွံ့ဖြိုးမှု့ အတွက် လမ်းပြပံ့ပိုး မှု့ အထောက်အပံ့များပါ ရရှိခဲ့ ပါသည်။

ဆောင်ရွက်မှု့၏ ရလဒ်အနေဖြင့် ပါဝင်သူ များသည် လုပ်ငန်း ၁၅၀ အား အောင်မြင်စွာ ထူထောင်နိုင်ခဲ့ကြသည်။ ကျွန်ုပ်တို့ ၏အပတ်စဉ်‌ စောင့်ကြည့်မှု့နှင့် သုံးသပ်မူများ၏ အချက် အလက်များ အရစီးပွားရေး လုပ်ငန်း ၇၁ ရာခိုင်နှုန်းသည် အပတ်စဉ် စီးပွားရေး ဝင်ငွေ တိုးလာကြောင်းနှင့် လုပ်ငန်း၏၆၉ရာခိုင်နှုန်း တွင် ၎င်း တို့၏ဖောက်သည် များ တိုးလာကြောင်းလည်း စောင့်ကြည့် အစီရင်ခံစာမှ သိရှိရပါသည်။

စီမံကိန်းတွင်ပါဝင်သော လုပ်ငန်းရှင်အားလုံးနီးပါးသည် ၎င်းတို့လုပ်ငန်းဝင်‌ငွေများ မှတ်တမ်း တင်ခြင်း၊ ၎င်းတို့၏ အိမ်ထောင်စုနှင့် စီးပွားရေးအသုံးစရိတ်များ ကိုသီးခြား ထားရှိခြင်း များအား၀မ်းမြောက်ဖွယ် တွေ့ရှိ ရပါသည်။ စျေးကွက် ရှာဖွေခြင်း၊ဖောက်သည် များ အားပစ်မှတ်ထားခြင်း၊ စျေးကွက်ရှာဖွေခြင်းနှင့် စီးပွားရေး မဟာဗျူဟာ ချမှတ်ခြင်း၊‌ ငွေကြေး ဆိုင်ရာ မှတ်တမ်းများ ပြုလုပ်၍ ခြေရာခံ ခြင်းနှင့် အစီရင် ခံခြင်း အပိုင်း များ တွင် သိသိသာသာ တိုးတက်မှု များတွေ့ရှိ ခဲ့သည်။ စီမံကိန်းမှ ပါဝင်သူများ၏လက်တွေ့ကျသော လုပ်ငန်း စွမ်းရည်များကို တိုးတက်မှု့ ကို တွေ့ရှိ ရပါသည်။

ကျွန်ုပ်တို့၏အစီအစဉ်တွင် အသေးစားလုပ်ငန်းရှင်များ အောင်မြင်မှုအတွက်ကျွန်ုပ်တို့ဂုဏ်ယူပါသည်။ ကျွန်ုပ်တို့၏ စီမံကိန်းသည် လူမှုအရင်းအနှီး ၊စီးပွားရေးကွန်ရက် အား အစီအစဉ်တွင် ပါ၀င်သော စွန့်ဦးတီထွင်သူများ အတွက် အခွင့်အလမ်းတိုးတက်လာစေရန် ပံ့ပိုးကူညီခွင့်ရသည့်အတွက်ဝမ်းမြောက်ပါသည်။ စီးပွားစွမ်းဆောင်မူပညာရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု့ အထောက် အပံ့များ အား မှန်ကန်စွာ ပေါင်းစပ်ပံ့ပိုးပေးခြင်းသည် ကိုယ်ပိုင် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးမှု့အား သာမန် အခြေအနေ ဖြင့် မရရှိသူ လူစု အား၊ အဆိုပါ အခွင့် အလမ်းများအား ရရှိစေရန် ရှိန်အဟုန် မြှင့် တင်ပေး သည်ဟု ယုံ ကြည် ပါ သည်။

ဒေသဆိုင်ရာအုပ်ချုပ်ရေးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း များ၊ MRCS နှင့် DRC နယ်မြေ အဖွဲ့နှင့် EDNA Myanmar မှဝန်ထမ်းများ ၏ပါဝင် ပံပိုး ကူညီမှုများ အတွက် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်း တင်အပ် ပါသည်။

စီမံကိန်းဗီဒီယိုများ ကိုကြည့်ရှုရန် သင့်အားကျွန်ုပ်တို့ကြိုဆိုပါသည်။

MRCS_DRC_EDNA project end video