EDNA

What We Do

၁။ဒေသတွင်းစွန့်ဦးစီးပွား စွမ်းဆောင်မှု သင်ကြားမှုစွမ်းရည်မြှင့်တင်ရန်။
၂။စီးပွားရေးစွမ်းဆောင်မှုဆိုင်ရာ သုတေသနနှင့် အကျိုးသက်ရောက်မှု လုပ်ဆောင်ချက်များ ပိုမိုခိုင်မာလာစေရန်။
၃။ ဒေသခံစွန့်ဦးတီထွင်သူများနှင့် ၄င်းတို့၏ လူမှု့အသိုင်းအဝိုင်းအားအကျိုးဖြစ်ထွန်းစေမည့် စီးပွားစွမ်းဆောင်ရှင်မှု အစပျိုးမှုများ တွင် ပါဝင် ပံ့ပိုးရန်။
၄။တိုင်းပြည်အတွင်း(စက်မှုလုပ်ငန်းကဏ္ဍ၊ အစိုးရနှင့်ပညာရှင်များအကြား) နှင့်ဒေသတွင်းရှိ အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးတစ်ရပ် အား တည်ဆောက်ရန်။

EDNAMyanmar၏ရည်မှန်းချက်အား ဖော်ဆောင်ရာ တွင် အကြီးမားဆုံးလုပ်ဆောင်ခဲ့သောစီမံကိန်းတစ်ရပ်မှာ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ(LIFT) ၏ငွေကြေးထောက်ပံ့မူဖြင့် ဖော်ဆောင်‌ခဲ့သော စီမံကိန်းတစ်ရပ်ဖြစ်သည်။

အဆိုပါစီမံကိန်းသည် ဆစ်ဒနီစီးပွားရေးတက္ကသိုလ် စွန့်ဦးစီးပွားစွမ်းဆောင်မူနှင့် ဆန်းသစ်တီထွင်မူ သုတေသနအဖွဲ့နှင့် ပူးပေါင်းဖော်ဆောင်သောတစ်နိုင် တစ်ပိုင် နှင့်အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင် သူများအတွက် စွန့်ဦးစီးပွား နည်းပညာနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဖြစ်သည်။

စွန့်ဦးတီထွင်စီးပွားရေးပညာ စီမံကိန်းအပြင် EDNA Myanmar သည် မိတ်ဖက်များဖြစ်သော နိုင်ငံ တစ်ဝှမ်းရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက် လျက် ရှိသည်။ ထိုဆောင်ရွက်နေမူများမှာမြန်မာပြည် အထက်ပိုင်းရှိ တက္ကသိုလ်များတွင် စီးပွားရေးစွမ်းဆောင်မှု၊ သုတေသနစီမံကိန်းများနှင့် ဘွဲ့လွန်ကျောင်းသားများအားပံ့ပိုးကူညီခြင်း၊ စီးပွားရေး တက္ကသိုလ်များမှ အလုပ်သင် ကျောင်းသားများလက်ခံခြင်း များလည်းပါဝင်သည်။

EDNA Myanmar သည်ကုန်သွယ်ရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀ န်ကြီးဌာန၏ သတင်း အချက် အလက် နှင့်သုတေသနဌာနနှင့်ပူးပေါင်း ၍ MoC-EDNA Myanmar သုတေသန လုပ်ဆောင်မှု့လုပ်ငန်း ရပ်ဝန်းအား ၀န်ကြီးဌာအတွင်း၌ ၂၀၁၇ ခုနှစ်တွင် စတင် တည်ထောင် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် EDNA Myanmar သည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဦးစီးဌာန နှင့် ပူးပေါင်းကာ ၊ SME အသင်းဝင်များ အတွက် စွန့်ဦးစီးပွား နည်းပညာ နှင့် လုပ်ငန်းများဖွံ့ဖြိုး ပံ့ပိုးမှု့ နည်းပညာအား လုပ်ဆောင်နိုင်ရန် EDNA Myanmar မှ DISI DSME ဝန်ထမ်းများအား နည်းပညာ ပံ့ပိုးမူများ လုပ်ဆောင် ခဲ့သည်။

၂၀၁၇ဇန်နဝါရီလတွင် EDNA Myanmarသည် ကချင်၊ စစ်ကိုင်း၊ မိတ္ထီလာ ဧရာဝတီတိုင်းတို့တွင်အခကြေးငွေ ကောက်ခံလျက် စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်းပံ့ပိုးမူများ လုပ်ဆောင်ခဲ့သည်။မြန်မာနိုင်ငံကျေးလက်ဒေသတွင် အရည်အသွေးရှိသော ပညာရေးအားလိုချင်သော လူငယ်ဘွဲ့ရများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အတွက်သင့်တင့်သော အခအကြေးငွေကောက်ခံ၍ ပံ့ပိုးကူညီသော လုပ်ငန်းစဉ်တရပ်ဖြစ်ပါသည်။ ရရှိလာသော အမြတ်အစွန်း အား အနာဂတ် လုပ်ငန်း များ ရေရှည်လုပ်ကိုင်နိုင်ရန်အတွက် ကုမ္ပဏီသို့ ပြန်လည်ရင်းနှီး မြုပ်နှံပါသည်။

Download EDNA inbrief