EDNA

Announcement News

Announcement News

In cooperation with Ms. Paola Wentzler (M.A. International Management)

Investing in Youth led Enterprise and Professional Development Program

EDNA Myanmar, MFT ႏွင့္ Ms.Paola Wentzler တို့ပူးပေါင်း၍ လူငယ်များ ဦးဆောင်သော လူမှုစွန့်ဦးစီးပွားရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့်လုပ်ငန်းခွင် စွမ်းရည်ဖွံ့ဖြိုးရေး စီမံကိန်း

 
2019 January လတွင် စတင် ကောင်အထည်ဖော်ဆောင််မည့် EDNA Myanmar, MFT နှင့် Ms. Paola Wentzler တို့ ပူးပေါင်း၍ လူငယ်များ ဦးဆောင်သော လူမှုစွန့်ဦးစီးပွားရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်ငန်းခွင် စွမ်းရည်ဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်ရန် ကြိုဆိုပါသည်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် အညာဒေသမှ လူမှုစွန့်ဦးစီးပွား စွမ်းဆောင်သူ ဖြစ်လိုသော လူငယ်ခေါင်းဆောင် ၃ဝဦးအား မိမိတို့၏ (လူထုအကျိုးပြု လုပ်ငန်းများ) ထူထောင်လာနိုင်ရန် ကူညီပံ့ပိုးပေးသွားမည် ဖြစ်သည်။

စီစစ်ရွေးချယ်ခံရသူများအား ရန်ကုန်မြို့တွင် ၂လတာ ပညာ သင်ကြားခွင့် ရရှိမည်ဖြစ်သည်။ ထိုကာလတွင် EDNA Myanmarမှ စွန့်ဦးစီးပွားနည်းပညာ ပံ့ပိုးမှုလည်းကောင်း၊ Ms.Paola Wentzler နှင့် ဒေါ်ကြည်ကြည်ငြိမ်းတို့မှ ပူးပေါင်းပြီး လုပ်ငန်းခွင် စွမ်းရည်ဖွံ့ဖြိုးမှု သင်တန်းများ ဖြည့်ဆည်းပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ လမ်းပြပ့ံပိုးသူ ဆရာ/ဆရာမများမှ မိမိိတို့လုပ်ငန်းများ ထူထောင်နိုင်ရန် ၆လတာ ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်သည်။ လူမှုစွမ်းဆောင်သူ လုပ်ငန်းရှင် သင်တန်းသားများ ထူထောင်သော လုပ်ငန်းများအား အနီးကပ်စောင့် ကြည့်သုံးသပ်မှုများအဆုံးတွင် ငွေသားဆု (၅)ဆုအား လုပ်ငန်းတွင်း ပြည်လည်ရင်းနှီး မြှုပ်နှံရန် ချီးမြှင့်သွားမည် ဖြစ်သည်။

သင်သည် အသက်(၃၅)နှစ်အောက် စီးပွားရေးနှင့်ဆိုင်သော ဘွဲ့ရရှိပြီးသူဖြစ်ပြီး မိမိ၏ လုပ်ငန်းတစ်ခုအား အောင်မြင်သည်အထိ ထူထောင်ရန် ဆန္ဒပြင်းပြလျှက် လူမှုအကျိုးစီးပွားအား ဖော်ဆောင်လိုသူဖြစ်ပါက ဤစီမံကိန်းသို့ ၈.၁.၂၀၁၉နေ့ အတွင်း လျှောက်ထားနိုင်ပါသည်။

Contact Person
Daw Nilar Kyaw Kyaw ( Education and Enterprise Development Manager)
Email : nilar.kyaw.kyaw@ednamm.com
Phone: 09 431 70489
Contact Person
Daw Wint Po Po Tun (Senior Mentor)
Email : wint.po.po.tun@ednamm.com
Phone: 09425318417