EDNA

OUR PROJECTS
ANNOUNCEMENT AND NEWS

ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ လူငယ်နှင့် အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးစီမံကိန်း

၂၀၂၁-၂၀၂၂ခုနှစ် လူငယ်နှင့်အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးစီမံကိန်းအား စိန်ခေါ်မှုများကြားမှအောင်မြင်စွာ အကောင်အထည် ဖော် ဆောင်နိုင်ခဲ့ပါသည်။

စွန့်ဦးစီးပွားစွမ်းဆောင်ရှင်များနှင့် လုပ်ငန်းရှင်များသည်မရေရာမှု၊စွန့်စားမှု မြင့်မားသောပတ်ဝန်းကျင်တွင် ဆောင်ရွက်နေကျဖြစ်သည်။ လွန်ခဲ့သောနှစ်မှစ၍ ပြင်ပလောက၏ မရေရာမှုအပေါ် လုပ်ငန်းရှင်များ၏ စွန့်စားရမှုများမှာ ပို၍အရှိန်မြင့်လာခဲ့ပါသည်။ EDNA Myanmar အနေဖြင့်အဆိုပါအချိန်ကာလများတွင် စွန့်ဦးစီးပွားစွမ်းဆောင်ရှင်များအတွက် ပံ့ပိုးကူညီမှုအား ဆက်လက်ပံ့ပိုး ဆောင်ရွက်နိုင်ခဲ့ပါသည်။

ယခုနှစ်စီမံကိန်းတွင် ယခင်နှစ်မှစီမံကိန်းဝင်ဟောင်း ၆၀ဦးအပါအဝင် ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှစွန့်ဦးစီးပွားစွမ်းဆောင်သူ စီမံကိန်းဝင်ပေါင်း ၁၆၃ဦးတို့အား ပံ့ပိုးကူညီပေးနိုင်ခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သတိပေးအပ်ပါသည်။

ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ လူငယ်နှင့် အမျိုးသမီးများအတွက် စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးစီမံကိန်း