EDNA

OUR PROJECTS
ANNOUNCEMENT AND NEWS

မွန်နှင့် ကရင်ပြည်နယ်များတွင် ဆင်းရဲမူ လျော့ချရန် LVT သင်တန်းဆင်းများ အတွက်စွန့်ဦးတီထွင် ပညာရေး နှင့် စီးပွားရေးဖွံ့ဖြိုးမူ မြှင့်တင်ရေးစီမံကိန်း

ဤစီမံကိန်းကို ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (SDC) နှင့် Swisscontact တို့က ငွေကြေး ထောက်ပံ့သည်။ စီမံကိန်းကို ၂၀၁၇ခုနှစ် ဇန်နဝါရီလတွင် မွန်နှင့်ကရင်ပြည်နယ်များတွင် စတင်ဆောင်ရွက်ခဲ့သည်။

ဤ စီမံကိန်းအား ၁၂ လကြာဆောင်ရွက်ခဲ့ပါသည်။
– မြို့နယ် ၁၁ ခုတွင်သင်တန်း ၃၆ စင်တာ ဖွင့်လှစ်ထားခဲ့သည်။
– ၅၈၈ ယောက်သည် စီမံကိန်းတွင်ပါ ၀ င်ခဲ့သည်။ ၅၅၄ ဦးသည်စွန့်ဦးစီးပွားပညာကိုပြီးဆုံးအောင်တက်ရောက် ခဲ့၍စီပွားရေးလုပ်ငန်း၏ မတူညီ‌သောအစိတ်အပိုင်းကို သိရှိနားလည်ခဲ့ကြသည်။
– ၃၉၃ ဦးသည် လမ်းပြပံ့ ပိုး မှု့နှင့် စီးပွားရေးဖွံ့ဖြိုးမှု့ အထောက်အပံ့များ ရရှိခဲ့သည်။
– လုပ်ငန်းပေါင်း ၁၅၀ ရှိရာ လုပ်ငန်းသစ် ၇၁ ကိုစတင် ထူထောင်နိုင်ခဲ့ကြသည်။
– ၁၂ လတာ စီမံကိန်းကာလအတွင်း လုပ်ဆောင် နေသော လုပ်ငန်း ၁၅၀ မှ အချိန်ပြည့် အလုပ်အကိုင် အကိုင်၃၀၀ (ကိုယ်ပိုင်အလုပ်အကိုင်အပါအ ၀ င်) နှင့် အချိန်ပိုင်းအလုပ် ၁၁၄ ခုကိုဖန်တီးပေးနိုင်ခဲ့သည်။

စီမံကိန်း၏ရည်မှန်းချက်မှာ မွန်နှင့်ကရင်ပြည်နယ်များမှ သင်တန်းသား၅၀၀ကို လေ့ကျင့်သင်ကြားပေးရန်နှင့် ၄င်းတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ စတင်ထူထောင်နိုင်ရန်ဖြစ်သည်။ သင်ယူလေ့လာသူများသည် LVT သင်တန်းဆင်း၅၀%နှင့် မွန်နှင့်ကရင်ပြည်နယ်တို့တွင် နေထိုင်သောအောက်ပါမြို့နယ်များမှ ပါဝင်ကြသည်။

Sr.Noကရင်ပြည်နယ်ရှိမြို့နယ်များမွန်ပြည်နယ်ရှိမြို့နယ်များ
1မုတ္တမဘားအံ
2ချောင်းဆုံ မြဝတီ
3မုဒုံ ကြာအင်းဆိပ်ကြီး
4သထုံလှိုင်းဘွဲ့
5ရေး သံတောင်
6သံဖြူဇရပ် 

စီမံကိန်းကြာချိန်သည် (၇)လဖြစ်၍ စီးပွား ရေးစွမ်းဆောင်မှုဆိုင်ရာသင်တန်း မှ အထူး ကြပ်မတ်ကာ သင်တန်းစတင် သင်ကြားခဲ့သည်။ လေ့လာသင်ယူ သူများသည်အပိုင်း သုံးပိုင်း ကို လေ့လာသင်ယူရပါသည်။ ပထမ ပိုင်းတွင်စွန့်ဦးစီးပွားရေး စွမ်းဆောင်မှု ပညာအား သုံးပတ်ကြာ လေ့လာရပါသည်။

Cycle 1 (စီးပွားရေးလုပ်ငန်း၏ မတူညီသော အခြေခံသဘောတရားများကို အမည်ဖော်ထုတ်ခြင်း။)Cycle 2 စီးပွားရေးလုပ်ငန်း၏ နက်နဲမူများအား သိမြင်နားလည်ခြင်း။ Cycle 3 သင်ယူလေ့လာမူများကို စီးပွားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချခြင်း။ ပါ၀င်သူများနှင့်လမ်းပြကူညီသူတို့ တက်ကြွသောဆွေးနွေးမူများနှင့် ၎င်း တို့၏ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ စီးပွားရေးအကြောင်းအရာများကိုလက်တွေ့ မေးမြန်းရသည့်အတွကသင်တန်းသားများသည်စီးပွားရေးလုပ်ငန်း များကိုပိုမိုနားလည်သည်။၎င်းအပြင်ကိုယ်ပိုင်စီးပွားရေးအားလုပ်ဆောင်ရန်လည်းစိတ်အားထက်သန်လာကြသည်။ အထူးကြပ်မတ်ထားသော အတန်းတွင်းသင်ယူမှု့များပြီးဆုံးခါနီးတွင်ပါဝင်သူများသည် စီးပွားရေးစီမံကိန်းလုပ်ငန်း စဉ်ရေးဆွဲ၍ ၎င်း စီမံကိန်းအား တင်ပြခြင်း ပြုလုပ်ရသည်။ ၆ လတာ စဉ်ဆက်မပြတ်စီးပွားရေး ဖွံ့ဖြိုးမှု့ အထောက်အပံ့ပိုင်းတွင် ပါဝင် သူများ သည် ၎င်းတို့၏ လမ်းပြကူညီသူများနှင့် လုပ်ငန်းဖွံ့ဖြိုးမှု့မြှင့်တင်ရေး အစီအစဉ်များအား EDNA ၏ သတ် မှတ်ထားသော နေရာများတွင်လည်းကောင်း သင်ယူသူများ၏ လုပ်ငန်းခွင်တွင် လည်းကောင်း အပတ်စဉ် ဆွေးနွေး ကြသည်။၎င်းအပြင် အပတ်စဉ်ပြင်ပမှ မတူညီသော လုပ်ငန်းရှင်များ၏ အတွေ့အကြုံမျှဝေမူများမှ သင်ယူသူများ အားအတုယူ အားကျ စေသည်။ ၎င်းအပြင် စီမံကိန်း တွင်ပါဝင်ပံ့ပိုးသူလုပ်ငန်းရှင်များကလည်း ၎င်းတို့ကွန်ရက်အားမျှဝေချိတ်ဆက်ပေးသည်။ ၀န်ကြီးဌာနအသီးသီးရှိပြောရေးဆိုခွင့်ရှိသူများက၎င်းတို့၏ ဒေသတွင်းရှိသက်ဆိုင်ရာ ၀န်ကြီးဌာများ၏လုပ်ငန်းစဉ်များအားအသိပေးရှင်းလင်းပေးခြင်းအားဖြင့်ကူညီပံ့ပိုးပေးသည်။ထို့အပြင်အပတ်စဉ်လမ်းပြကူညီပံ့ပိုးသူများနဲ့တွေ့ဆုံဆွေးနွေးခြင်း၊ စနစ်တကျပြင်ဆင်ထားသော လက်တွေ့ကွင်းဆင်းလေ့လာခြင်းများပြုလုပ်ခြင်းတို့ဖြင့်စီးပွားရေး သင်တန်းသားများအတွက် သတင်းအချက်အလတ်များကို စုဆောင်းရာတွင်ကူညီထောက်ပံ့ပေးသည်။
ခုနစ်လတာအစီအစဉ်အပြီးတွင် EDNA Myanmar မှသင်တန်းသားများ စတင်ဖွင့်လှစ်သော လုပ်ငန်းများအား ပြန်လည် သုံးသပ်ခဲ့သည်။ စွမ်းဆောင်ရည်အရှိဆုံး စီးပွားရေးလုပ်ငန်း ၃၈ ခုသည် ၄င်းတို့၏ စီးပွားရေးလုပ်ငန်း စတင်မှုကိုတိုးချဲ့ရန်ငွေသားများဆုရရှိခဲ့သည်။ အဆိုပါဆုရှင်များ၏ဗီဒီယိုများကိုကြည့်ရှုရန်သင့်အားကျွန်ုပ်တို့ကြိုဆိုပါသည်။

In Class Trainig

Enterprise Development Day(Mawlamyaing)

Enterprise Development Day (Mon & Kayin)

Participant Interviews (Mon & Kayin)

Funded by